Clozac အနီရောင် မျက်နှာသစ်ဆေးသည် အဆီဖုဝက်ခြံ(whiteheads)နှင့်
ဆားဝက်ခြံ(blackheads)ဝက်ခြံများအတွက်အထူးထုတ်လုပ်ထားသည့်
မျက်နှာသစ်ဆေးတမျိူး ဖြစ်သည်။ အနီရောင် မျက်နှာသစ်ဆေးတွင် Salicylic
acid, nicotinamide, tea tree oil, aloe Vera, allantoin, Vit B5
(D-panthenol) နှင့် Vit E တို့ပါဝင်သည်။
Salicylic acid သည် အဆီတွင် ပျော်ဝင်စေပြီး အဆီဂလင်းကို
ထိန်းချုပ်ပေးခြင်းကြောင့်
ဆားဝက်ခြံ၊အဆီဖုဝက်ခြံများကိုသက်သာပျောက်ကင်းစေသည်။
Nicotinamideသည် အဆီဂလင်းကို ကျဥ်းစေသည့်အပြင် အဆီပြန်ခြင်းကို
ထိန်းချုပ်ပေးသောကြောင့် မိတ်ကပ်၊ပိုးမွှား၊ဖုန်မှုန့်များကြောင့်
ချွေးပေါက်ပိတ်ခြင်း၊ အဆီပြန်ခြင်းကို သက်သာ လျှော့ပါးသက်သာစေနိုင်သည်။
ထို့ပြင် လက်ဖက်ဆီ(tea tree oil) ပါဝင်ခြင်းကြောင့်
ရောင်ရမ်းနာဝက်ခြံများကိုပါ သက်သာစေသည်။ vitamin B5 (D-panthenol) သည်
အသားလောင်ခြင်း၊ မျက်နှာရဲခြင်းကို သိသိသာသာ သက်သာစေသည်။
အစိုဓာတ်ထိန်းပေးသည့် ရှားစောင်းလပ်ပပ်(Aloe Vera)နှင့် ဗီတာမင် အီး
(vitamin E) ပါဝင်သည့်အတွက် အသားအရေ နူးညံ့စိုပြေစေနိုင်သည်။ Aloe Vera,
vitamin E နှင့် B5 တို့က salicylic acid ကြောင့်
အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် Clozac face
wash သည်အဆီဖုဝက်ခြံ၊ ဆားဝက်ခြံတို့ကို ကာကွယ်ကုသရန်နှင့်
ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် အထူးထုတ်လုပ်ထားသော
မျက်နှာသစ်ဆေးတစ်မျိုးဖြစ်သည်။
အညွှန်း
Clozac မျက်နှာသစ်ဆေးကို တစ်ရက်နှစ်ကြိမ် နေ့စဥ်ပုံမှန်သုံးစွဲရမည်။ အသက်
(၁၄)နှစ်အထက် ဆားဝက်ခြံ၊ အဆီဖုဝက်ခြံရှိသူများ နေ့စဥ်သုံးစွဲနိုင်သည်။
အသားအရေ ထိခိုက်လွယ်သူ၊ မျက်နှာရဲတတ်သူများ သတိပြုသုံးစွဲရမည်။
ဘေးထွက်ဆိုးကျိုး
အသားအရည် ခြောက်သွေ့နိုင်သည်။
Clozac Face Wash
Myan. Reg. No. – MN200630097