ဝက်ခြံအမာရွတ်အတွက် Scaromax Scaromax တွင် ဝက်ခြံအမာရွတ်နှင့် အမဲစက်အတွက် အစွမ်းထက်ပစ္စည်း (၆)မျိုးကို နောက်ဆုံးပေါ်နည်းပညာဖြင့် အချိုးကျကျပေါင်းစပ်ထုတ်လုပ်ထားသဖြင့် လူကြီးလူငယ်မရွေး အသုံးပြုနိုင်သည်။ ပုံမှန်အားဖြင့် Scaromax ကို တစ်ရက်လျှင် နှစ်ကြိမ်လိမ်းပေးနိုင်သည်။ ပါဝင်ပစ္စည်းများ -Silicone polymer -Kojic acid -Arbutin -Glabridin -Vitamin C -Vitamin E အာနိသင်များ Arbutin ကို bearberry ပင်၏ အရွက်မှထုတ်ယူထားပြီး သဘာဝအတိုင်းတွေ့ရှိရသည့် အသားဖြူဓာတ်တစ်မျိုးဖြစ်သည်။ Arbutin သည် အမဲစက်ပျောက်သည့်အာနိသင်ရှိပြီး အရောင်ဖျက်ဆေး (Hydroquinone)နှင့် အာနိသင်တူသည်။ အဓိကအားသာချက်မှာ ဘေးထွက်ဆိုးကျိုးအလွန်နည်းပြီး အမဲရောင်ခြယ်ထုတ်လုပ်မှုကို ဟန့်တားပေးသည်။ ထို့ပြင် ရောင်ခြယ်ဓာတ်များစုပြုံနေသည့် ရောင်ခြယ်အိတ် (melanosome)ထုတ်လုပ်မှုကို တားဆီးပေးသည့်အတွက် အမဲစက်များကို…