ဝက်ခြံအမာရွတ်အတွက် Scaromax

Scaromax တွင် ဝက်ခြံအမာရွတ်နှင့် အမဲစက်အတွက် အစွမ်းထက်ပစ္စည်း (၆)မျိုးကို နောက်ဆုံးပေါ်နည်းပညာဖြင့် အချိုးကျကျပေါင်းစပ်ထုတ်လုပ်ထားသဖြင့် လူကြီးလူငယ်မရွေး အသုံးပြုနိုင်သည်။ ပုံမှန်အားဖြင့် Scaromax ကို တစ်ရက်လျှင် နှစ်ကြိမ်လိမ်းပေးနိုင်သည်။

ပါဝင်ပစ္စည်းများ

-Silicone polymer

-Kojic acid 

-Arbutin

-Glabridin

-Vitamin C

-Vitamin E

အာနိသင်များ

Arbutin ကို bearberry ပင်၏ အရွက်မှထုတ်ယူထားပြီး သဘာဝအတိုင်းတွေ့ရှိရသည့် အသားဖြူဓာတ်တစ်မျိုးဖြစ်သည်။ Arbutin သည် အမဲစက်ပျောက်သည့်အာနိသင်ရှိပြီး အရောင်ဖျက်ဆေး (Hydroquinone)နှင့် အာနိသင်တူသည်။ အဓိကအားသာချက်မှာ  ဘေးထွက်ဆိုးကျိုးအလွန်နည်းပြီး အမဲရောင်ခြယ်ထုတ်လုပ်မှုကို ဟန့်တားပေးသည်။ ထို့ပြင် ရောင်ခြယ်ဓာတ်များစုပြုံနေသည့် ရောင်ခြယ်အိတ် (melanosome)ထုတ်လုပ်မှုကို တားဆီးပေးသည့်အတွက်  အမဲစက်များကို အချိန်တိုအတွင်း သိသိသာသာ သက်သာစေရုံမျှမက အသားဖြူစေသည့်အာနိသင်လည်းရှိသည်။

Kojic acid & arbutin

Scaromaxလိမ်းဆေးတွင် kojic acid နှင့် arbutin တို့ပါဝင်သည့်အတွက် ဝက်ခြံအမာရွတ်များနှင့် တင်းတိပ်အမဲစက်များကို တစ်လအတွင်း သိသာစွာ သက်သာပျောက်ကင်းစေနိုင်သည်။ 

Glabridin

အမဲရောင်ခြယ်ထုတ်လုပ်မှုကို တားဆီးပေးသော Glabridin ဓာတ်ပါဝင်သည့်အတွက် ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်သော နေလောင်ကွက်၊ အနီစက်၊ အမဲကွက် များကိုပါ သက်သာပျောက်ကင်းစေသည်။ 

glabridin က melanin dispersion အာနိသင်ရှိလို့ အရေပြား အောက်ခြေမှာ စုပုံအနည်ထိုင်နေတဲ့ melanin (အမဲရောင်ခြယ်ဓာတ်) ကို ကျေပျက်စေတဲ့ ဓာတ်သဘာဝလည်းရှိသည်။ polyphenolic flavonoid တစ်မျိုးဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည် ဘီ(UVB)ကြောင့် ဖြစ်ပေါ်လာသည့် အမဲကွက်များကိုပါ သက်သာစေနိုင်သည့်အတွက် တင်းတိပ်၊မှဲ့ခြောက်များတွင် အထူးသင့်တော်သည်။

Silicone polymer

Scaromax တွင် ပါဝင်သည့် silicone polymerသည် ဝက်ခြံ၊အမာရွတ်များတွင် အနာကျက်မြန်စေရုံမက အရေပြားအစိုဓာတ်ကို ၄၈နာရီထိ ထိန်းသိမ်းပေးနိုင်သဖြင့် hypertrophic scar နှင့် keloidal scar တို့တွင်ပါ အသုံးပြုနိုင်သည်။

Vitamin C & vitamin E

ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်ဆီးသွားသော အရေပြားကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေနူးညံ့စေသည်။

အသုံးပြုနိုင်သူများ

-ဝက်ခြံ အမဲကွက်

-အမာရွတ် အနီစက်

-နေလောင်အမဲကွက်

-ခြင်ကိုက်ဖု အမဲကွက်

-တင်းတိပ်၊မှဲ့ခြောက်

အားသာချက်

-ဝက်ခြံအမာရွတ်နှင့် တင်းတိပ်အမဲစက်ကို ပျောက်ကင်းစေရုံသာမက နေပူထဲတွင် သွားလာရသည့်အခါ UVB ကြောင့်ဖြစ်ပေါ်လာနိုင်သော အမဲစက်၊အမဲကွက်များကို နေ့စဉ်လိမ်းပြီး ကာကွယ်ပေးနိုင်စွမ်းရှိသည်။

-ခြင်ကိုက်ဖုကြောင့် အမာရွတ်ထင်ကျန်သူများတွင်လည်း အသုံးပြုနိုင်သည်။

-တင်းတိပ်နှင့် နေလောင်ကွက်များတွင် နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် အမဲစက်၊အမဲကွက်များကို သက်သာပျောက်ကင်းစေသည်။

အားနည်းချက်

-အနာဖြစ်ရာမှ ကျန်ရစ်ခဲ့သည့် ချိုင့်ခွက်အမာရွတ်အတွက် အသုံးမဝင်ပါ။

လိမ်းနည်း

ဝက်ခြံအမာရွတ်များတွင် တစ်ရက်နှစ်ကြိမ် အသုံးပြုနိုင်ပြီး တင်းတိပ်မှဲ့ခြောက်တွင် တစ်ရက် ၃ကြိမ်ထိ အသုံးပြုနိုင်သည်။